Beyond the Iron Ribs
Phyu
ARTIST

About the serie
ဒီပန်းချီကားကို ဆွဲဖြစ်တာက လူ့အဖွဲ့အစည်းရဲ့ “အကန့်အသတ်” တွေကို စဉ်းစားမိလို့ပါ။ ကျနော်တို့ကို ဘောင်ခတ်ထားတဲ့ စံနှုန်းတွေ၊ မမြင်ရတဲ့ ဖိအားတွေဟာ တစ်ခါတလေမှာ လှပနေသလိုလို ချိုမြနေသလိုလိုနဲ့ ပရိယာယ်များတတ်ပါတယ်။ အဲဒီပြီးပြည့်စုံတယ်လို့ ထင်ရတဲ့ စံသတ်မှတ်ချက်တွေအောက်မှာ တကယ်တော့ မွန်းကြပ်စေတဲ့ အချုပ်အနှောင်တစ်ခု ရှိနေတတ်ပါတယ်။ ပုံထဲက လှောင်အိမ်ကတော့ အဲဒီလို လှပတဲ့ ကန့်သတ်မှုတွေ အတားအဆီးတွေကို ကိုယ်စားပြုပါတယ်။ တစ်ခါတလေမှာ ကျနော် တို့ကိုယ်တိုင်တောင် ရုန်းထွက်ဖို့ မေ့လျော့နေတတ်ကြပါတယ်။ကိုယ်တိုင်မဟုတ်တဲ့ အများပုံဖော်ထုဆစ်ထားတဲ့ကိုယ်အဖြစ် မသိမသာနဲ့ အဲဒီအနှောင်အဖွဲ့တွေ ထဲမှာပဲ ယဉ်ပါး ပျော်မွေ့ အသားကျနေတတ်ကြပါတယ်။ ဒါပေမဲ့ လှောင်အိမ်ကြားထဲကနေ အပြင်ဘက်ကို ရုန်းကြွ စီးဆင်းလွင့်မျောလာတဲ့ ဆံနွယ်လိုပဲ လိုင်းတွေကတော့ ကျွန်မတို့ရဲ့ စိတ်ကူးတွေ၊ အတွေးအခေါ်တွေကို ပြောချင်တာပါ။ ကိုယ်ခန္ဓာကို ပိတ်လှောင်ထားလို့ ရချင်ရပါလိမ့်မယ်၊ ဒါပေမဲ့ စိတ်ဝိညာဉ်ကိုတော့ ဘယ်သူမှ တားဆီးလို့ မရပါဘူး။ အပြင်ဘက်မှာ အရောင်တွေနဲ့ ပြည့်နေတဲ့ ကမ္ဘာကြီးတစ်ခု ရှိနေပါတယ်။ အဲဒါက လွတ်လပ်မှုတွေ၊ ဖြစ်နိုင်ခြေတွေနဲ့ ပြည့်နေတဲ့ နောက်ထပ်ဘဝတစ်ခုပါပဲ။ အဲဒီနေရာကို ရောက်ဖို့က အပြင်ပန်းရုန်းကန်မှုထက် ကိုယ့်ကိုယ်ကိုယ် သိခြင်း လက်ခံခြင်း စတဲ့ ကိုယ့်အတွင်းစိတ်ကနေပဲ စတင်ရတာလို့ ယုံကြည်ပါတယ်။ ဘယ်လောက်ပဲ ပိတ်လှောင်ထားပါစေ... စိတ်ကူးနဲ့ အတွေးတွေ ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု့တွေ ကပဲ ကျနော်တို့ကို စစ်မှန်တဲ့ လွတ်မြောက်ခြင်းတွေဆီ ခေါ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။
More Series





